Saturday, September 5, 2009

အသုံမကျတဲ့ သံယောဇဉ်

အရင်ဦးဆုံး သံယောဇဉ် ဆိုတာ မကောင်ဘူးလို့ပဲ တည့်တည့်ပြောပါရစေလူကို ပူလောင်စေတယ် ဒုက်ခ ပေးတယ်
သံယောဇဉ် ဆိုတာ သူဘာသာသူဖြစ်လာတာပါလို့လဲ ဆင်ခြေမပေးပါနဲ့ -

သံယောဇဉ် ဖြစ်ဖို့ object တစ်ခုခုလိုတယ် အဲဒီတော့ သံယောဇဉ် ဖြစ်ဖို့ -

potential ရှိတဲ့ object ကို ဝေးဝေးရှောင် လူကမရှောင် နိုင်ရင် စိတ်ကရှောင်ပေါ့ -

ရှင်းရဲ့လား -

ဘယ်လိုဖြစ်သွားမှန်းကို မသိပါဘူးဆိုရင်တော့ သံယောဇဉ်ကဒုက်ခပေးတာ ခံပေတော့ပဲ -

သံယောဇဉ်ကို ဖြတ်ရင်လည်း တိကနဲသာဖြတ် တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေနဲ့ -

သံယောဇဉ်ဖြတ်တာ သွားနုတ်သလိုပဲ တွန့်ဆုတ်တွန့်ဆုတ်လုပ်လို့ကတော့ ပိုခံရမယ် -


သံယောဇဉ်ပြတ်စေတဲ့ စာတွေများများဖတ်ဖို့လည်းလိုမယ် -

ဒီ post ကို ခဏခဏဖတ်ပေး -


သံယောဇဉ် ရှိနေတာ ကြီးကိုက ရှုပ်ရှုပ်ယှက်ယှက်နဲ့ စိတ်ပျက်ဖို့ တကယ်ကောင်းတယ် -

ဘာမှကို အကျိုးမပေးဘူး အလကားပဲ -
အသုံးမကျတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ သံယောဇဉ်ဆိုတာလဲပါတာ အတိအကျပဲ -


သံယောဇဉ်ဆိုတာ မဖြစ်တာကောင်းတယ် မဖြစ်အောင်သာနေ -

သံယောဇဉ်ဆိုတာကို ပက်ပက်စက်စက် မုန်းပစ်လိုက် -


သံယောဇဉ် ကောင်းကြောင်းလာပြောတဲ့သူတွေကိုပါ မုန်းပစ်လိုက် -

အေးရောပေါ့ဗျာ -


သံယောဇဉ် ကောင်းကြေင်းဘယ်သူပြောချင်သေးလဲ -

ဟွန်း