Thursday, July 11, 2013

ထို၎င်းအနှီအမျိုးသမီးများ

ကျွန်ုပ်သည် အစိမ်းရောင်ဖြစ်သော်လည်း ထိုအမျိုးသမီးသည် ကျွန်ုပ်အား ခရမ်းရောင်အဖြစ် တခြားလူများအမြင်ရောက်စေရန် ပြောဆို၏။

ကျွနုပ်သည် အပြာရောင်ဖြစ်သော်လည်း ၎င်းအမျိုးသမီးသည် ကျွန်ုပ်အား အဝါရောင်အဖြစ် လူအများယူဆစေရန်ပြောဆို၏။

ကျွန်ုပ်သည် အဖြူရောင်ဖြစ်သော်လည်း အနှီအမျိုးသမီးသည် ကျွန်ပ်အား အမဲရောင်အဖြစ် လူအများအထင်ရောက်စေရန်ပြောဆို၏။

ထိုသို့ပြောဆိုခြင်းများသည် ထို၎င်းအနှီအမျိုးသမီးများ၏ အတ္တများကြောင့်ဖြစ်ပေမည်။

ကျွန်ုပ်၏ အရောင်အမှန်များကိုကား ကျွန်ုပ်နှင့်ပေါင်း၍ ကျွန်ုပ်အားမြင်အောင်ကြည့်သော မိတ်ဆွေများသာ သိကြပေတော့မည်။