ဒီနေ့ကတော့ တနင်္ဂနွေနေ့ပါ။ နေ့လည် ၁ နာရီလောက်ရှိပါပြီ။ မနက်မိုးလင်းကတည်းက ကော်ဖီနဲ့ကွတ်ကီးလေးပဲစားပြီး အင်တာနက်သုံးနေရာက နေလည်စာအတွက် အိမ်အောက်ဆင်းဖို့လုပ်ပါတယ်။ နေတာက ၉ လွှာမှာဆိုတော့က ဓာတ်လှေကား အဆင်းခလုပ်နှိပ်ပြီးဓာတ်လှေကားခေါ်ထားရင်း စောင့်နေတယ်။ အဲလိုစောင့်နေတုန်း တရုတ်အဖိုးအိုတစ်ယောက်ဓာတ်လှေကားဖက်ကို ခပ်ဖြေးဖြေးလျောက်လာပါတယ်။ သူမရောက်ခင် ဓာတ်လှေကားအရင်ရောက်ပါတယ်။ ကျွန်တော်လည်း ဓာတ်လှေကားထဲအရင်ဝင်လိုက်ပါတယ်။ အရင်ဆင်းသွားလို့ရနေပေမယ့် ၁၀ စက္ကန့်လောက်လေးပဲလေ စောင့်နေလိုက်ပါ့မယ် ဆိုပြီးမဆင်းသေးပဲ ဓာတ်လှေကားတံခါးဖွင့်ခလုပ်နှိပ်ပြီးစောင့်နေလိုက်ပါတယ်။
တရုတ်အဖိုးအိုက ဓာတ်လှေကားထဲဝင်ဝင်ခြင်းပဲ ပြောလိုက်တာက ...
ဖိုး။ ။ ကျဇာဒါဘဒြရ
ဘာပြောလိုက်မှန်း သဲသဲကွဲကွဲမသိလိုက်ရပါ။ အင်း မလေးလိုများပြောလိုက်သလားပဲ လို့တွေးမိပါတယ်။
ကျွနုပ်။ ။ အိုင်အမ်ဆောရီး ...?
ဖိုး။ ။ ကျေးဇုဒင်ဘာဒယ် ကျေးဇုဒင်ဘာဒယ်
ကျွနုပ်။ ။ အိုး! ... ရပါတယ် ကိစ္စမရှိပါဘူး။
ဖိုး။ ။ ကျေးဇုဒင်ဘာဒယ် ကျေးဇုဒင်ဘာဒယ်
ကျွန်တော်လည်း အားကျမခံပြန်ပြောလိုက်ပါတယ်။
ကျွနုပ်။ ။ မေကွမ်းရှိ မေကွမ်းရှိ ...
ဖိုး။ ။ ကျေးဇုဒင်ဘာဒယ် ရှဲ့ရှဲ့ ကျေးဇုဒင်ဘာဒယ် ရှဲ့ရှဲ့
ဓာတ်လှေကား အောက်ဆုံးထပ်ရောက်တော့ အဖိုးအိုကညာဘက် ကျွန်တော်က ဘယ်ဘက် အသီးသီးထွက်ခဲ့ကြပါတော့တယ်။