Saturday, November 25, 2017

I Will Always Love You

I Will Always Love You

ဟိုးအရင်ကတည်းက ကျွန်တော်ဟာ လွယ်လွယ်နဲ့ချစ်တတ်တဲ့သူတစ်ယောက် မဟုတ်ပါဘူး။ အချစ်ဆိုတာကို ခံစားလို့မရနိုင်တော့တာလည်း နှစ်နဲ့ချီနေပြီ။ ကျွန်တော့်ကို ရင်ခုန်အောင်လုပ်နိုင်တဲ့သူ ဆိုတာကလည်းရှားပါတယ်။ 

ဒါပေမယ့် သိပ်မကြာခင်ကမှ သူကြောင့် ပြန်ချစ်တတ်ခဲ့တယ်။ အချစ်ဆိုတာ တစ်ခါပြန်ပြီးတော့ ခံစားလို့ရသွားတယ်။ တစ်ယောက်တည်း စိတ်ထဲမှာ ပျော်ရတဲ့အပျော်ဆိုတာ ဘာနဲ့မှကိုမတူတဲ့ ခံစားမှုမျိုး။ အနီးစပ်ဆုံးပြောရရင် ထိခိုက်မှုတစ်ခုကြောင့် အချိန်တစ်ခုအထိ မျက်စိကွယ်ခဲ့ရတဲ့သူတစ်ယောက်က ဆေးကုသမှုခံလိုက်ပြီး မျက်စိပြန်မြင်ရလို့ ပျော်ရတဲ့ပျော်ရွှင်မှုမျိုးနဲ့ တူမလားပဲ။ ကျွန်တော်လည်း ဘယ်လိုဖြစ်သလဲဆိုတော့ "ဟာ ငါပြန်ချစ်လို့ရသွားပြီ ငါပြန်ချစ်လို့ရသွားပြီ" ဆိုပြီး အချိန်ပြည့်တွေးတွေးပြီး ပျော်နေလို့ ကိုယ့်ကိုယ်ကိုတောင် အရူးလို့ ပြန်ခေါ်မိတဲ့အထိပဲ။ 

ဒါပေမယ့် အချစ်ဇာတ်လမ်းလေးက ဒီမှာပဲအဆုံးသတ်မယ် ထင်ပါတယ်။ သူနဲ့စကားတွေ ပြောဖြစ်ပါတယ်။ 
ပြောစရာစကားတွေလည်း အများကြီးကျန်ပါသေးတယ်။ မပြောပဲသိတာ တစ်ချို့လည်းရှိမယ်။ ...

မနေ့ညက ယူကျူ့ မှာ သီချင်းနားထောင်ရင်း အမှတ်မထင် သီချင်းလေးတစ်ပုဒ် နားထောင်ဖြစ်တယ်။ အရင်ကကြားဖူးပြီးသား သီချင်းပါပဲ။ စာသားတွေကို သေချာပြန်လိုက်နားထောင်လိုက်တော့မှ၊ ဟား၊ ကျွန်တော့်အခုလက်ရှိခံစားချက်နဲ့ တစ်ထပ်တည်းနီးပါပဲ။ 


စာသားတွေ ဒီမှာ။
"I Will Always Love You"

If I should stay
I would only be in your way
So I'll go but I know
I'll think of you every step of the way

Bittersweet memories –
That is all I'm taking with me.
So good-bye.
Please don't cry:
We both know I'm not what you, you need

I hope life treats you kind
And I hope you have all you've dreamed of
And I wish you joy and happiness
But above all this I wish you love

And I... will always love you
I will always love you


ယူကျူ့ ဗွီဒီယိုလင့်က ဒီမှာ။


ကိုယ်တိုင်ဆိုတဲ့ဗွီဒီယိုကတော့ နောက်မှထပ်ထည့်တော့မယ်။ 
အချစ်ကိုပြန်ခံစားလို့ရအောင် လုပ်ပေးခဲ့တာကိုပဲ အရမ်းကျေးဇူးတင်ပါတယ်။ အရမ်းလည်းချစ်ပါတယ်။



တီဇက်ကေ
2017-11-25