Saturday, May 16, 2020

ရေးချင်တဲ့ အချစ်ကဗျာတစ်ပုဒ်

ရေးချင်တဲ့ အချစ်ကဗျာတစ်ပုဒ်

အချစ်ကဗျာလေးတစ်ပုဒ်
မင်းနဲ့အတူ‌ ရေးချင်တယ်

ပထမအပိုဒ်ကို မင်းကရေး
ဒုတိယအပိုဒ်ကို ကိုယ်ကရေးမယ်

တတိယအပိုဒ်ကျ တစ်လှည့်စီပေါ့
မင်းကတစ်ကြောင်း ကိုယ်ကတစ်ကြောင်း

စစ်တုရင်ကို နှစ်ယောက်တွဲ ကစားသလို
စကားတစ်လုံးမှ မပြောရပါပဲ
မင်းရွှေ့ကွက်ကို ကိုယ်ကနားလည်
ကိုယ့်စီမံချက်လည်း မင်းကသိ

စိတ်ချင်းက နီးစပ်လွန်းတော့
အနက်အဓိပ္ပါယ် ပေါ်လွင်
ကာရန်တွေလည်း ထပ်တူကျ

ကိုယ်တို့ကဗျာလေးက မခမ်းနားရင်တောင်
သိပ်လှပြီး ချစ်စရာကောင်းနေမှာ

ကဲ ပထမအပိုဒ်ကို စရေးလိုက်တော့
ကိုယ့် ___ လေးရေ

တီဇက်ကေ
၁၆ မေ ၂၀၂၀